ငါးနှစ်တကြိမ်ကျင်းပလေ့ရှိသော ဒေသဆိုင်ရာ ညီလာခံတွင် အာရှပစိဖိတ်ဒေသရှိ IUF အဖွဲ့ဝင်များမှ ၎င်းတို့၏ မဲပေးပိုင်ခွင့်ကို ကျင့်သုံးခွင့်ရရှိကြသည်။ IUF အာရှ ပစိဖိတ်ဒေသဆိုင်ရာအဖွဲ့အစည်း၏ ပြဌာန်းချက် – ၂၀၁၆ အရ ဒေသဆိုင်ရာညီလာခံသည် ဒေသဆိုင်ရာအဖွဲ့အစည်းကြီး၏ အထူးအခွင့်အာဏာဖြစ်သည်။ ဒေသဆိုင်ရာညီလာခံ တွင် ဆုံးဖြတ်ချက် ချပေးခြင်း၊ ငွေကြေးဆိုင်ရာအစီရင်ခံစာများအပါအဝင် အစီရင်ခံစာများကို ပြန်လည်သုံးသပ် အတည်ပြုခြင်း၊ ပြဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဒေသဆိုင်ရာကော်မတီကို ရွေးကောက်တင်မြှောက်ခြင်း၊ ဒေသဆိုင်ရာ ဥက္ကဌကို ရွေးကောက်တင်မြှောက်ခြင်း၊ ဒေသဆိုင်ရာ အတွင်းရေးမှူးကို ရွေးကောက်တင် မြှောက်ခြင်း တို့ကို ဆောင်ရွက်ပါသည်။ ထိုဆောင်ရွက်ချက်များမှာ IUF အာရှပစိဖိတ် ဒေသဆိုင်ရာ အဖွဲ့အစည်း၏ ပြဌာန်းချက်များနှင့် IUF စည်းမျဉ်းစည်းကမ်း (၂၀၁၇) အတိုင်း ဖြစ်သည်။
၁၃ ကြိမ်မြောက် ဒေသဆိုင်ရာညီလာခံကို ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် မနီလာမြို့မှာ ကျင်းပခဲ့ပါသည်။ ၁၄ ကြိမ်မြောက် ဒေသဆိုင်ရာညီလာခံကို ၂၀၂၁ ခုနှစ် အောက်တိုဘာတွင် ကျင်းပရန် ရာထားခဲ့ပါသည်။ သို့သော်လည်း COVID-19 ကပ်ရောဂါအတွင်း အလွန်ဆိုးရွားသည့်အခြေအနေများ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်တွင်ကျင်းပသည့် အကြိမ် ၅၀ မြောက် ဒေသဆိုင်ရာကော်မတီအစည်းအဝေးမှ ၁၄ ကြိမ်မြောက် ဒေသဆိုင်ရာညီလာခံကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလသို့ ရွှေ့ဆိုင်းခြင်း ဆုံးဖြတ်ချက် အမှတ် ၅ ကို အတည်ပြုပေးခဲ့ပါသည်။ COVID-19 ကပ်ရောဂါကြောင့် ခရီးသွားလာမှုကန့်သတ်မှုများရှိနေပြီး အဖွဲ့ဝင်များစွာ အနေဖြင့် ၎င်းတို့၏ ကိုယ်စားလှယ်များ ဒေသဆိုင်ရာညီလာခံသို့ ပေးပို့နိုင်ရေး ထိခိုက်မှုရှိပါသဖြင့် ထိုသို့ ဆုံးဖြတ်ခဲ့ကြသည်။ ဒေသဆိုင်ရာညီလာခံကို မူလအစီအစဉ်အတိုင်း ကျင်းပပြုလုပ်ဖြစ်ပါက ကျွန်ုပ်တို့ အဖွဲ့ဝင်များ ၏ မဲပေးခွင့် ဆုံးရှုံးနိုင်ချေရှိခြင်းဖြစ်ပါသည်။ အဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်နှင့် ဒေသဆိုင်ရာအဖွဲ့အစည်း၏ ဂုဏ်သိက္ခာအတိုင်း ထိုသို့ အချိန်မီ လိုအပ်သလို ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါသည်။ ဒီလိုအပြောင်းအလဲနှင့်ပတ်သက်ပြီး အဖွဲ့ဝင်များအားလုံးသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် တရားဝင် အကြောင်းကြားထားပြီး ဖြစ်ပါသည်။ အဖွဲ့ဝင်များ အားလုံးအနေဖြင့်လည်း ဆုံးဖြတ်ချက် အမှတ် ၅ အပေါ် အတည်ပြု ထောက်ခံခဲ့ကြပါသည်။
COVID-19 ကပ်ရောဂါနှင့် ကာကွယ်ဆေးရရှိမှု မညီမျှသည့်အပေါ် ကျွန်ုပ်တို့၏ လက်ရှိလေ့လာချက်များအရ ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် ကိုယ်တိုင်တက်ရောက်နိုင်သည့် ဒေသဆိုင်ရာညီလာခံ ကျင်းပနိုင်ချေမရှိကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် ၁၄ ကြိမ်မြောက် ဒေသဆိုင်ရာ ညီလာခံကို ပေါင်းစပ်ညီလာခံတခုအဖြစ် ကျင်းပပါ လိမ့်မည် – ကိုယ်တိုင်တက်ရောက်ခြင်းနှင့် အွန်လိုင်းကတဆင့်တက်ရောက်ခြင်း နှစ်မျိုးစလုံး ပေါင်းစပ်ကျင်းပ ပါလိမ့်မည်။ ခရီးမသွားနိုင်သူများမှာ မိမိတို့နိုင်ငံများမှ အွန်လိုင်းမှတဆင့် တက်ရောက်ကြလိမ့်မည်။ အဖွဲ့ဝင် များအားလုံး ဆုံးဖြတ်ခွင့်နှင့် မဲပေးခွင့် ရရှိစေရေး နိုင်ငံအတွင်းနှင့် ဒေသခွဲနိုင်ငံအတွင်း တိုင်ပင်ဆွေးနွေးနိုင်မည့် အစည်းအဝေး အဆင့်ဆင့် ကျင်းပလိမ့်မည်။ ထိုသို့သောအစည်းအဝေးအစီအစဉ်များကို အဖွဲ့ဝင်များနှင့်တိုင်ပင်ကာ အတည်ပြုပါလိမ့်မည်။
အစည်းအဝေးအစီအစဉ်နှင့် စာရွက်စာတမ်းများကို ဘာသာစကားမျိုးစုံဖြင့် ဒီအင်တာနက်စာမျက်နှာထဲက အဖွဲ့ဝင် များသာ ဝင်ရောက်ရသည့် ကဏ္ဍတွင် ဖော်ပြထားပါမည်။
အစည်းအဝေးအစီအစဉ်နှင့် တိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်အပေါ် သတင်းအချက်အလက် ပိုမိုရရှိလိုပါက ဒေသ ဆိုင်ရာ အတွင်းဝန်ရုံးသို့ 14regcon@iufap.org အီးမေးလ်ဖြင့် သို့မဟုတ် အောက်ပါဖြည့်စွက်ပုံစံလွှာဖြင့် ပေးပို့နိုင်ပါသည်။