နိုင်ငံတော်တော်များများမှာ စစ်တပ်ဟာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အကျပ်အတည်းကို အသုံးချပြီး သမိုင်းတလျောက်မှာ အရေးပေါ်ကြေငြာတာ၊ ဒီမိုကရေစီကို ယာယီဆိုင်းငံ့တာ၊ အာဏာသိမ်းယူတာမျိုး လုပ်လေ့ရှိပါသည်။ ယခုအခါ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းသည်လည်း စစ်တပ်တွေ ကြားဝင်ဖို့နဲ့ တပ်အင်အားတွေဖြန့်ထားဖို့အတွက် အသုံးချစရာတခုလည်း ဖြစ်လာစေပါသည်။ ရာသီဥတု ပြောင်းလဲမှုသည် ဆိုးရွားသော ရာသီဥတုအဖြစ်အပျက်များ ပိုမို ပြင်းထန်များပြားလာခြင်းကြောင့် အရေးပေါ် အခြေအနေများလည်း အကြိမ်ကြိမ် ပိုမိုကြုံတွေ့လာရတော့မည်။  သဘောက စစ်တပ်ရဲ့ အရေးပေါ်အာဏာရယူမှုနှင့် ဒီမိုကရေစီ ယာယီဆိုင်းငံ့ထားမှု အကြိမ်ကြိမ် ပိုမိုဖြစ်ပေါ်လာမည်။ နိုင်ငံတော်တော်များများမှာ ဒီလိုစဥ်ဆက်မပြတ် ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေတွေက အမှန်တကယ်စိန်ခေါ်မှုတရပ် ဖြစ်လာပြီး ဒီမိုကရေစီနှင့် ဒီမိုကရက်တစ်အခွင့်အရေးများကို ဆက်လက် ဆိုင်းငံ့ခံရစေပါသည်။ တဖက်မှာလည်း ရာသီဥတုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ရန်နှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှု ရရှိစေရန် အဲဒီဒီမိုကရေစီနှင့် ဒီမိုကရက်တစ်အခွင့်အရေးများ လိုအပ်နေပေသည်။

၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအနောက်ခြမ်းဒေသ မိုခါဆိုင်ကလုံး ဝင်ရောက်ခဲ့ချိန်မှာ ပြင်းအားအဆင့်နံပါတ် ၅ မုန်တိုင်းက ရခိုင်ပြည်နယ်မှာ အသက်ဆုံးရှုံး မှုများစွာနှင့်အတူ အပျက်အစီး များပြားခဲ့ပါသည်။  စစ်တွေမြို့တော် အများစု ပျက်စီးခဲ့ရပါသည်။

လူသားတွေကြောင့် ဖြစ်ပေါ်ရသည့် ရာသီဥတုပြောင်းလဲမှုရလဒ်တခုအနေဖြင့် မိုခါဆိုင်ကလုံးတို့လို ရာသီဥတုဆိုးရွားပြင်းထန်မှု များပြားလာတယ်ဆိုတာ ကောင်းကောင်းနားလည်လာကြပြီ ဖြစ်ပါသည်။  ကျွန်ုပ်တို့ သိပ်နားမလည်ဖြစ်တာက ဒီပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဥ်များ၏ နိုင်ငံရေးအခြေအနေ သည် သေဆုံးပျက်စီးမှုနှင့် အိုးမဲအိမ်မဲ့ ဖြစ်ရသည့်အခြေအနေအပေါ် လေးနက်သော သက်ရောက်မှုရှိ တယ် ဆိုတာပဲဖြစ်ပါသည်။

မြန်မာနိုင်ငံက ရက်စက်စွာဖိနှိပ်ခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲဝံ့စွာအစီရင်ခံလေ့ရှိသော  Women’s Peace Network  မှ  မေလ ၁၆ ရက်နေ့တွင် အရေးပေါ်ရှင်းလင်းချက် ပြုလုပ်ခဲ့ပြီး မိုခါဆိုင်ကလုံး၏ သက်ရောက်မှုကို အကဲဖြတ်ခဲ့ကြပါသည်။ စစ်တပ်က ဆိုင်ကလုံးကို အသုံးချပြီး နိုင်ငံရေးအရ ပိုမိုဖိနှိပ်နေမှု နည်းလမ်းများကိုလည်း ရှင်းလင်းချက်မှ လေ့လာခဲ့ကြပါသည်။

မိုခါဆိုင်ကလုံးအပေါ် စစ်အစိုးရ၏ တုံ့ပြန်ချက်ဆိုင်ရာ အစီရင်ခံစာ စတင်ထွက်ပေါ်လာရာမှာ စစ်အစိုးရအနေဖြင့် ရိုဟင်ဂျာ စစ်ပြေးဒုက္ခသည်များ၏ ရွှေ့ပြောင်းရေးကြိုးပမ်းချက်ကို အဖျက် အမှောက်လုပ်ခဲ့ပြီး သူတို့နေထိုင်ရာနဲ့ အနီးပတ်ဝန်းကျင်တွေ အကူအညီမရောက်အောင် ထိုအချိန် ကတည်းက ပိတ်ပင်ခဲ့တာကို ထုတ်ဖော်ခဲ့ပါသည်။ တခြား‌တွေ့ရှိချက်များထဲက ဒီတွေ့ရှိချက်များဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက အသားရောင်ခွဲခြားမှုကို ပိုမိုခိုင်မာစေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်လည်း ဖြစ်ပါသည်။

“အဆင်ပြေသော ပေါ့ဆမှု”လို့ ပြောကြသလို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းအပေါ် မိုခါဆိုင်ကလုံး၏ ပျက်စီးဆုံးရှုံးစေသော သက်ရောက်မှုက ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ကျူးလွန်သော  လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာနိုင်ငံမှ အတင်းအဓမ္မထွက်ပြေး ခဲ့ကြရတာကို ပြန်လည်အမှတ်ရစေပါသည်။ ၎င်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ လူသား အပေါ်ကျူးလွန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပါသည်။

ဒီနေရာမှာ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် စစ်အုပ်ချုပ်ရေးအောက်က နေထိုင်နေကြရသော လူဦးရေ၏ အားနည်းချက် ပေါင်းစည်းမှုကို ကျွန်ုပ်တို့ မြင်တွေ့ကြရမည်။ စနစ်ကျသော နိုင်ငံရေးအရ နှိပ်ကွပ်မှုနှင့် သတ်မှတ်ထားသော လူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များကြောင့် ဒီအားနည်းချက်ဟာ ကြီးမားကျယ်ပြန့်လာပါသည်။ ပြည်သူတွေဟာ အသက်ဆုံးရှုံးခြင်း၊ ၎င်းတို့နေအိမ်တွေ ပျက်စီးခြင်း၊ ချို့ တဲ့ခြင်းနှင့် စစ်ဘေးရှောင်ရခြင်းအပြင် ၎င်းတို့၏အသိုင်းအဝိုင်းများကို ကာကွယ်ရန်အတွက် ၎င်းတို့ကိုယ် တိုင် ပြင်ဆင်ဖို့ သို့မဟုတ် စုပေါင်းလုပ်ဆောင်ဖို့ကိုပါ ပြင်းထန်စွာ ကန့်သတ်ခံထားရပါသည်။

ဆိုင်ကလုံးကဲ့သို့လို ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အကျပ် အတည်းမှာ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေက စစ်အာဏာရှင်နှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နေတာကို မကြာခဏ တွေ့ကြရပါသည်။ တချို့ ကယ်ဆယ်ရေး အေဂျင်စီများက ဗဟို ချုပ်ကိုင်ထားသော အာဏာရှင်အစိုးရများကို အကူအညီအတွက် ပိုမိုထိရောက်သော ဖြန့်ဖြူးရေး ယန္တရားတစ်ခုအဖြစ် ယုံကြည်ပုံရသည်။ ဒီယုံကြည်မှုက စစ်အာဏာရှင်တွေ ဆိုးဆိုးရွားရွား လာဘ်စားတာ၊ အများပြည်သူပိုင်ပစ္စည်း  (လူသားချင်းစာနာထောက်ထားမှု အကူအညီ အပါအဝင်) တွေကို ဩဇာကြီးမားသူနှင့် ၎င်းတို့၏ ခရိုနီများမှတဆင့် လွှဲပြောင်းပေးအပ်တာမျိုးကို မသိကျိုးကျွံပြုလိုက်သလို ဖြစ်စေပါသည်။  အများပြည်သူပိုင်ပစ္စည်း ခိုးယူသုံးစွဲမှုက အာဏာရှင်တွေ ပထမနေရာ တည်ရှိနေခြင်း အဓိက အကြောင်းအရင်းများထဲက တချက်ဖြစ်သည်။

အရေးကြီးတာက အာဏာရှင်တွေအောက်မှာ လူသားချင်း အကျပ်အတည်းနှင့် လူသားချင်းအကူအညီ တွေဟာ နိုင်ငံရေးအရ ဆုံးဖြတ်ခံကြရသည်။ ရန်လိုသူများအဖြစ် သတ်မှတ်ခံထားရသော ပြည်နယ် နှင့်/ သို့မဟုတ် သီးခြားလူမျိုးစု သို့မဟုတ် ဘာသာရေးအစုအဖွဲ့များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိဖို့ ငြင်းပယ်ခံကြရပါသည်။  ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ မြင်တွေ့နေရသည့်အတိုင်း ပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ စစ်အစိုးရ၏ စစ်ပွဲက လူသားချင်းအကူအညီကိုပါ ထပ်ပြီး ငြင်းပယ်လာပါသည်။  အကြောင်းပြချက်ကတော့ ရှုပ်ထွေးမနေပါ။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းတစ်ခု၏ သားကောင်ဖြစ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရန်အတွက် သင့်ကို လူသားအဖြစ် ဦးစွာသတ်မှတ်ကြရမည်။

၁၉၄၅ ခုနှစ်မှ စတင်ပြီး နိုင်ငံတော်တော်များများ (ပြင်ပနိုင်ငံ ကြားဝင်မှုရှိသော နိုင်ငံများ) မှာ ဒီမိုကရေစီ စတင်အဆုံးသတ်လာကြတာကို ကျွန်ုပ်တို့ တွေ့ရှိကြရပါသည်။ ထိုနိုင်ငံများမှာ ပြည်နယ်၊ တိုင်း၊ ခရိုင်ဒေသများအလိုက် နိုင်ငံတော် အရေးပေါ်အခြေအနေကြေငြာခြင်းနှင့် လမ်းမတွေအပေါ် စစ်တပ်ဖြန့်ထားခြင်းတွေ တွေ့ရှိရလေ့ရှိပါသည်။ စစ်တန်းလျားကနေ ထွက်လာတဲ့အခါမှာ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ကလေးတွေက နိုင်ငံရေး၊ အရပ်သားနှင့် စီးပွားရေးနယ်ပယ်ဆီကို လျင်မြန်စွာ ရွေ့ပြောင်းလာပါသည်။

ရွေးကောက်တင်မြောက်ခံထားရသော လွှတ်တော် သို့မဟုတ် ကွန်ဂရက်တို့၏ အခွင့်အာဏာ ပြန်လည်ရရှိပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်သည့်တိုင် စစ်တပ်က နိုင်ငံရေးပါတီများကို ထိန်းချုပ်ထားပြီး နိုင်ငံရေး၊ အရပ်သားနှင့် စီးပွားရေးနယ်ပယ်မှာ ၎င်းတို့ရဲ့ ခြေရာတွေကို ထိန်းထားပါသည်။ ဒါဟာ ပြည်သူတွေအတွက်တော့ အမြဲတမ်း အရေးပေါ်အခြေအနေ – အမြဲတမ်း အကျပ်အတည်း ဖြစ်လာရသည်။

ဤစဥ်ဆက်မပြတ်ဖြစ်ပေါ်နေသော အကျပ်အတည်းတွင် “ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှု” ကိုလည်း ပြန်လည်သတ်မှတ်ပါသည်။  ရာသီဥတုဒဏ်ခံနိုင်ရည် ရှိမှုမှာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက် ရောက်မှုများအပေါ် သာတူညီမျှသော လူမှုရေး၊ စီးပွားရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ တုံ့ပြန်မှုများကို ရရှိ စေရန် စုပေါင်းတာဝန်ယူမှုအပြင် လူသားကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် သဘာဝပတ်ဝန်း ကျင် အကာအကွယ်ပေးမှုတို့လည်း ပါဝင်ပါသည်။ ယခုအခါ ကျွန်ုပ်တို့ အသိုင်းအဝိုင်းအတွင်းက နိုင်ငံရေးဩဇာရှိသူများမှ ရာသီဥတုဒဏ်ခံနိုင်ရည် ပိုမိုရှိကြရန် တောင်းဆိုနေမှုက နောက်ထပ် ဆိုးရွား ပြင်းထန်သည့် ရာသီဥတုဖြစ်စဥ်ကို ကျွန်ုပ်တို့ ရိုးရှင်းစွာ ရင်ဆိုင်ရမည့်သဘောဟု အဓိပ္ပာယ်ရပါသည်။ စုပေါင်းဆောင်ရွက်မှုနှင့် တာဝန်ခံတာဝန်ယူမှုအတွက် ဒီမိုကရေစီ ယန္တရားတွေ ချွတ်ပစ်ခံလိုက်ရပြီး အခွင့်အရေးတွေ မရှိကြတော့သည့်အနေအထားမှာ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုဟာ ထိလွယ်ရှလွယ် သော အသိုင်းအဝိုင်းကို ခံနိုင်ရည်ရှိကြရန် ရိုးရိုးရှင်းရှင်းဖြင့် မျှော်လင့်နေစေသေည့် သဘောဖြစ်ပါသည်။ သို့မဟုတ် အဲဒီကနေ ထွက်သွားဖို့ပဲ ရှိပါသည်။

နိုင်ငံတော်တော်များများမှာ အာဏာရလက်ယာစွန်းတွေက ရာသီဥတုဆိုင်ရာ ငြင်းပယ်ခြင်းမှ ရာသီဥတု ထိတ်လန့်ခြင်းဆီကို ကူးပြောင်းနေပြီ ဖြစ်သည်။ ထိခိုက်မှုရှိသော အသိုင်းအဝန်း (အထူးသဖြင့် ရာသီ ဥတုဆိုင်ရာ ထိခိုက်လွယ်သော ကျေးလက်အသိုင်းအဝိုင်း)ကို ပံ့ပိုးကူညီရန်အတွက် တိုင်းပြည်လို အပ်ချက်ကို နိုင်ငံရေးအခွင့်အရေးအဖြစ် သူတို့ မြင်ကြသည်။ ဒီလိုအကျပ်အတည်းသစ်နဲ့ ရင်ဆိုင် နေရချိန် အာဏာရလက်ယာစွန်းတွေက ခိုင်မာအားကောင်းသော ခေါင်းဆောင်မှု အတွက် ထပ်ခါထပ်ခါ တောင်းဆိုနိုင်ပါသည် – အာဏာရှင်တွေ သုံးလေ့ရှိသော အသုံးအနှုံးတခုလည်း ဖြစ်ပါသည်။  အရေးပေါ် အခြေအနေတိုင်းလိုလိုမှာ ရာသီဥတုဆိုင်ရာအကျပ်အတည်းကို အသုံးချပြီး အာဏာရလက်ယာစွန်း တွေက နိုင်ငံကို ပြင်ပခြိမ်းခြောက်မှုကနေတုံ့ပြန်ရန်အတွက်ဆိုကာ ဒီမိုကရေစီ ဆိုင်ငံ့ခြင်းကို အကြောင်းပြပါသည်။

ဒီလိုရာသီဥတုအကျပ်အတည်းမှာ ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်စဥ်များ၊ အပူလှိုင်းနှင့် တောမီးများကြောင့် ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေများ ဆက်လက်ကြုံတွေ့နေရမည်။ ဤအရာသည် ပြင်းထန်သော ရာသီဥတုဖြစ်ရပ်တခုမှ တခြားတစ်ခုသို့ “ရာသီဥတု ကျာပွတ်ရိုက်ချက်”ဖြင့် ပိုမိုပြင်းထန်လာသည် (ဥပမာ – ရေကြီးရေလျံမှု ဖြစ်ပွားပြီးနောက်မှာ ရေရှားပါးမှု၊ မိုးသည်းထန်မှုဖြစ်ပွားပြီးနောက်မှာ တောမီးလောင်မှု) အကယ်လို့ ဒီလိုအခြေအနေက နိုင်ငံတော်အရေးပေါ်အခြေအနေတခုအဖြစ် ဆက်လက်ဖြစ်ပေါ်နေပြီး ဒီမိုကရေစီ ဆိုင်ငံ့ခံထားရမှုက အမြဲတမ်းလိုလို ဖြစ်လာစေမယ်ဆိုရင် ဘယ်လိုနေမလဲ?