by IUF Asia/Pacific | Sep 17, 2025 | မြန်မာဘာသာ Myanmar language, Defending Democracy, Human Rights
စစ်တပ်ပိုင် နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှတဆင့် ရွေးကောက်ပွဲ အနိုင်ရမှုကို စစ်တပ်မှ မြိုင်မြိုင်ဆိုင်ဆိုင်အောင်ပွဲခံပါလိမ့်မယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်မည့် ရွေးကောက်ပွဲမှာ စစ်အစိုးရထဲက ဝန်ကြီး ၂၀ ဦး နှင့် ထိပ်ပိုင်းခေါင်းဆောင်များဟာ USDP မှတဆင့် ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ကြလိမ့်မည်။ သူတို့တွေသည် အနားယူပြီးသော စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်မှာ ထိပ်ပိုင်းရာထူးရယူထားသော လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ် ၁၁ ဦးထက်မနည်း ပါဝင်ပါသည်။
ဒီစစ်ဗိုလ်ချုပ်များ USDP ကိုယ်စားလှယ်လောင်အဖြစ် အကြံအဖန်ရွေးကောက်ပွဲများမှာ ထွက်ပေါ်ယှဥ်ပြိုင်ကြတာဟာ ရလဒ်အတွက် အာမခံချက် ရှိပြီးသားမို့လို့ ဖြစ်ပါသည်။
မြန်မာစစ်တပ်မှ အာမခံချက်ပေးထားသော “ဒီမိုကရေစီ” ရွေးကောက်ပွဲ မူဝါဒအရ လွှတ်တော်အတွင်းရှိ ထိုင်ခုံများတွင် စစ်တပ်အတွက် ထိုင်ခုံများ ကြိုယူထားပြီးသားလည်း ဖြစ်သည်။
ပြည်သူ့လွှတ်တော်တွင် ထိုင်ခုံနေရာ ၃၃၀ နေရာအနက်မှ ၁၁၀ နေရာ (၃၀%) ခန့်ကို ရွေးကောက်ပွဲ ဝင်စရာ မလိုပဲ စစ်တပ်အတွက် ကြိုပေးထားရသည်။ အမျိုးသားလွှတ်တော်တွင် ထိုင်ခုံနေရာ ၁၆၈ နေရာအနက် ၅၆ နေရာ (၃၃%) ခန့်ကိုလည်း စစ်တပ်အတွက် ကြိုပေးထားရပါသည်။
ထို့အပြင် စစ်ဗိုလ်ချုပ်များနှင့် အနားယူပြီးသော စစ်ဗိုလ်ချုပ်များလည်း အတုအယောက်ရွေးကောက်ပွဲမှာ USDP ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ပြီး စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူတွေကို ကြိုယူထားပြီးသော နေရာများမှာ ခန့်ထားဦးမည် ဖြစ်သည်။

by IUF Asia/Pacific | Sep 17, 2025 | မြန်မာဘာသာ Myanmar language, Defending Democracy, Human Rights
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည့် ရွေးကောက်ပွဲဟာ အစစ်အမှန်ဖြစ်ကြောင်း ပြသနိုင်ဖို့ မြန်မာ စစ်တပ်ဟာ “အတိုက်အခံ” ပါတီဆိုတာမျိုးကို ပါဝင်စေပါသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ မြန်မာစစ်တပ်မှ ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီများမှာ အဖွဲ့ဝင် အနည်းဆုံး ၁ သိန်းခန့် ရှိရမှာ ဖြစ်ပြီး မြို့နယ် ၃၃၀ မှာ ရုံးခန်းပေါင်း ၁၁၀ အနည်းဆုံးရှိရမယ်လို့ သတ်မှတ်ထားပါသည်။ ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ နိုင်ငံရေးပါတီအားလုံး တရားမဝင်တာ၊ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာခံထားရချိန်မှာ အတိုက်အခံပါတီ အစစ်အမှန်တခုခု ဆိုတာ ဘယ်လိုများ ဖြစ်နိုင်မလဲ?
စစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့မြို့နယ်တွေမှာ လွန်လပ်ခွင့်တွေ အလွန်အကျွံ ကန့်သတ်ထားချိန်၊ နိုင်ငံတဝှမ်းက ပြည်သူလူထုတွေအပေါ် စစ်တပ်၏ ဖိနှိပ်မှုခံနေရချိန်မှာ အဖွဲ့ဝင် တစ်သိန်းကို ပွင့်လင်းစွာ စည်းရုံးပြီး ပါတီရုံးခန်း ၁၀၀ နှင့်အထက် ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီများသာလျင် ထိုသို့ လုပ်နိုင်မည်။
ရွေးကောက်ပွဲများမှာ နိုင်ငံရေးပါတီအမြောက်အမြား ပါဝင်ယှဥ်ပြိုင်တာကို ကြံဖန်ပြသဖို့အတွက် စစ်တပ်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှ ဒေသအဆင့်ပါတီများကို မှတ်ပုံတင်ခွင့် ပြုထားပါသည်။ ထိုပါတီများဟာ ကိုယ့်ဒေသရွေးကောက်ပွဲများမှာသာ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ယှဥ်ပြိုင်လို့ မရပါ။ ဒေသအဆင့် နိုင်ငံရေးပါတီများမှာ အဖွဲ့ဝင်အနည်းဆုံး ၁၀၀၀ ရှိရမှာ ဖြစ်ပြီး မြို့နယ် ၅ မြို့နယ်မှာ ရုံးခန်းများ ရှိရမည် ဖြစ်သည်။
ဒေသအဆင့် နိုင်ငံရေးပါတီ ၄၀ ခန့် မှတ်ပုံတင်ထားပေမယ့် တော်တော်များများမှာ ကိုယ်စားလှယ်လောင်းများ မရှိကြသလို သူတို့၏ ရုံးခန်းလိပ်စာသည်လည်း စာရွက်ပေါ်မှာသာ ရှိကြပါသည်။ တဖန် စစ်တပ်နှင့် ပူးပေါင်းလိမ်လည်သည့် နည်းဖြင့်သာလျင် မှတ်ပုံတင်နိုင်ခြင်း ဖြစ်သည်။ ဒီလို ရုပ်သေးနိုင်ငံရေးပါတီများ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်ပေးခြင်းက ရွေးကောက်ပွဲများဟာ မှန်ကန်သယောင်ရှိစေပြီး မြန်မာစစ်တပ်ကို ယုံကြည်မှုရရှိစေပါသည်။

by IUF Asia/Pacific | Sep 17, 2025 | မြန်မာဘာသာ Myanmar language, Defending Democracy, Human Rights
တနိုင်ငံလုံးရှိမြို့နယ် ၃၃၀ မြို့နယ်ထဲက ၁၀၂ မြို့နယ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမည့် ရွေးကောက်ပွဲမှာ ပါဝင်မည်ဖြစ်ကြောင်း စစ်တပ်မှ ထိန်းချုပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာခဲ့ပါသည်။ ဒါဟာ မဲဆန္ဒနယ်စုစုပေါင်း၏ ၃၁ % သာ ရှိပါသည်။
ကျန်တဲ့ ၆၉% က ဘာကြောင့် မပါဝင်ရပါသလဲ? အဲဒီမြို့နယ် အများစုဟာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းများ (EROs) ၏ လွတ်မြောက်နယ်မြေများ ဖြစ်နေလို့ပါ။ ဒါ့အပြင် မြို့နယ် ဒါဇင်နဲ့ ချီကို စစ်တပ်မှ တိုက်ခိုက်လျက်ရှိပါသည်။ အာဏာ ရယူထားတဲ့ စစ်တပ်ဟာ ထိုမြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ရေး စာသင်ကျောင်းနှင့်လူနေအိမ်များပါမကျန် ဗုံးကျဲတိုက်ခိုက်လျက်ရှိပါသည်။
ဒါကြောင့်လည်း မဲပေးခြင်းအစီအစဥ် ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ ၂၀၂၅ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ၂ လ သို့မဟုတ် ၃ လ ဆက်လုပ်မည့် သဘောဖြစ်ပါသည်။ ဒါဟာ တခြားမြို့တွေကို အဓမ္မထိန်းချုပ်နိုင်ရန် စစ်တပ်ကို အချိန်ပိုပေးမည့် အကြံအဖန်သာ ဖြစ်ပါသည်။
ဒီဇင်ဘာလ ၂၈ ရက်နေ့မတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲ ၃ လတာ ကာလအတွင်း စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင် (UEC) မှ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အရေအတွက် ၃၁% နှင့်အထက် ပိုခဲ့သော် ထိုမြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်မှ ပြည်သူတွေအပေါ် မတရားဖိနှိပ်ပြီးမှသာ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသွားစေမှာလည်း ဖြစ်သည်။

by IUF Asia/Pacific | Sep 17, 2025 | Defending Democracy, Human Rights
The military junta will orchestrate its election victory through the military’s own political party, the Union Solidarity and Development Party (USDP).
When the elections begin on 28 December 2025, more than 20 ministers and top leaders in the military junta will participate as candidates through the USDP. This includes both retired military generals and at least 11 serving generals currently holding senior positions in the military regime.
As of today 489 military officers of all ranks joined the USDP to overwhelmingly “win” these engineered elections.
While these military officers give the appearance of contesting the engineered elections as USDP candidates, the outcome is already guaranteed.
The Myanmar military’s insurance policy in the face of “democratic” elections has always been its guaranteed seats in parliament: seats reserved for the military.
In the Lower House, 110 of the 330 seats (30%) are up for election are reserved for the military. In the Upper House, 56 of the 168 seats (33%) up for election are reserved for the military.
So in addition to military generals and retired military generals running in the sham elections as USDP candidates, the military will also appoint senior military officers to its reserved seats.

by IUF Asia/Pacific | Sep 17, 2025 | Defending Democracy, Human Rights
To make the elections starting on 28 December 2025 look real, Myanmar’s military junta will ensure there are “opposition” parties participating.
Under the Political Parties Registration Law created by the military government in January 2023, parties wanting to participate in the national elections must have at least 100,000 members and have offices in 110 out of 330 townships. With all pro-democracy political parties already declared illegal and banned as “terrorist” organizations, how is a real opposition party possible?
Severe restrictions on freedom imposed by the military in occupied townships and military offensives against civilian populations across the country means that openly recruiting 100,000 members and opening over 100 offices is impossible. Only political parties collaborating with the military can do this.
To engineer the appearance of many political parties joining the elections, the military junta’s Political Parties Registration Law allows regional parties to register. These are parties that can join local elections but not national elections. These regional parties must have at least 1,000 members and offices in five townships.
Possibly 40 regional parties are now registered, but many have no candidates and their office is just an address on paper. Again, collusion with the military is the only way to be registered. The military junta seems confident that these puppet political parties at regional or state level will help give the appearance of genuine elections.
