by FH | Jul 27, 2023 | မြန်မာဘာသာ Myanmar language, ភាសាខ្មែរ Khmer, हिन्दी Hindi, বাংলা Bengali, ภาษาไทย Thai, Bahasa Indonesia, Urdu اُردُو, 日本語 Japanese, اردو Urdu
سٹاربکس امریکا میں سٹاربکس میں منظم نوجوان کارکنوں پر ایک منظم حملے میں مصروف ہے۔ ورکرز کو محض یونینز بنانے اور ان میں شامل ہونے کے اپنے عالمی انسانی حق کو استعمال کرنے کے لیے تشدد، ایذا رسانی اور غیر منصفانہ برطرفی کا سامنا کرنا پڑتا ہے۔
ئ۲۰۱۸ میں، نیسلے نے سٹاربکس کی برانڈڈ کافی مصنوعات کی تیاری اور فروخت کا حق حاصل کرنے کے لیے سٹاربکس کو سات اشاریہ پندرہ بلین یو ایس ڈالر ادا کیا۔اس میں” سٹاربکس کافی ایٹ ہوم”،اور پینے کے لیے تیار کین اور بوتل بند کافی شامل ہیں۔
نیسلےمیں یونینائزڈ ورکرز یہ قبول نہیں کر سکتے کہ ان کا آجر سٹاربکس جیسی یونین مخالف کمپنی کے ساتھ کاروبار کر رہا ہے۔ کارکنان کا کہناہے کہ نیسلے کے کارخانوں میں تیار کی جانے والی سٹاربکس کافی پروڈکٹس پورے کارپوریٹ کلچر کی نمائندگی کرتی ہیں جو کہ یونین ۔ مخالف ہے اور ” یہ ہمارا طریقہ کار نہیں ہے!” وہ سٹاربکس سے کارکنوں اور ٹریڈ یونین کے حقوق کا احترام کرنے کا مطالبہ کر رہے ہیں
انگریزی، جاپانی، ہندی، انڈونیشیائی، خمیر، تھائی، چینی (روایتی)، بنگالی، کورین اور اردو میں نیچے دیے گئے پلے کارڈز اور پوسٹرز دیکھیں۔
انگریزی

جاپانی

ہندی

انڈونیشیائی

خمیر

تھائی


چینی (روایتی)

بنگالی

کورین

اردو

by FH | Jul 27, 2023 | မြန်မာဘာသာ Myanmar language, ភាសាខ្មែរ Khmer, हिन्दी Hindi, বাংলা Bengali, ภาษาไทย Thai, Bahasa Indonesia, Urdu اُردُو, 日本語 Japanese
سٹاربکس امریکا میں سٹاربکس میں منظم نوجوان کارکنوں پر ایک منظم حملے میں مصروف ہے۔ ورکرز کو محض یونینز بنانے اور ان میں شامل ہونے کے اپنے عالمی انسانی حق کو استعمال کرنے کے لیے تشدد، ایذا رسانی اور غیر منصفانہ برطرفی کا سامنا کرنا پڑتا ہے۔ اس کے جواب میں، کارکنان پورے ایشیا پیسیفک کے خطے میں یہ مطالبہ کرنے کے لیے متحرک ہو رہے ہیں کہ سٹاربکس کارکنوں کے حقوق کا احترام کرے!
اس سلسلے میں انگریزی، جاپانی، خمیر، میانمار (برمی)، تھائی، انڈونیشیائی، ہندی، نیپالی، چینی (روایتی)، بنگالی، کورین اور اردو میں نیچے دیے گئے پلے کارڈز اور پوسٹرز دیکھیں۔
انگریزی

جاپانی

خمیر

میانمار (برمی)

تھائی

انڈونیشیائی

ہندی

نیپالی

چینی (روایتی)

بنگالی

کورین

اردو

by IUF Asia/Pacific | Jul 22, 2023 | မြန်မာဘာသာ Myanmar language, ភាសាខ្មែរ Khmer, हिन्दी Hindi, বাংলা Bengali, ภาษาไทย Thai, Bahasa Indonesia, Campaigns, Freedom of Association, 日本語 Japanese, اردو Urdu
Starbucks is engaged in a systematic, vicious attack on young workers organizing in Starbucks in the USA. Workers face victimization, harassment and unfair dismissal simply for exercising their universal human right to form and join unions. In response, workers are mobilizing across the Asia-Pacific region to demand that Starbucks respect workers’ rights!
See the placards and posters below in English, Japanese, Khmer, Myanmar (Burmese), Thai, Indonesian, Hindi, Nepali, Chinese (traditional), Bengali, Korean and Urdu.
English


Japanese 日本語

Khmer ភាសាខ្មែរ

Burmese ဗမာဘာသာစကား

Thai ภาษาไทย

Bahasa Indonesia

Hindi हिन्दी

Nepali नेपाली

Chinese [繁體字]

Bengali বাংলা

Korean 한국어

Urdu اردو

by IUF Asia/Pacific | Jul 18, 2023 | မြန်မာဘာသာ Myanmar language, Defending Democracy, Human Rights
၂၀၂၃ ခုနှစ် ဇွန်လ ၁၆ ရက်နေ့တွင် ဂျီနီဗာမှာ ကျင်းပခဲ့သော၂၈ ကြိမ်မြောက် IUF ညီလာခံကြီးမှ အရေးကြီးသော ဆုံးဖြတ်ချက် အမှတ် (၁) ဖြစ်သည့် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ရရှိရေးနှင့် လူ့အခွင့်အရေး ကာကွယ်ရေး ဆိုင်ရာ ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပါသည်။ ဆုံးဖြတ်ချက်ကို Food Rengo, UA ZENSEN, Service Tourism Rengo, Noh-Dan-Roh နှင့် UFCW North America တို့မှ တင်သွင်းခဲ့တာလည်း ဖြစ်ပါသည်။
UA ZENSEN ၏ ဒုတိယဥက္ကဌဖြစ်သူ Brother Hiromu Kogure သည် အောက်ပါမိန့်ခွန်းဖြင့် ဆုံးဖြတ်ချက်ကို ချပြခဲ့ပြီး အပြည်ပြည်ဆိုင်ရာကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများကို ရပ်ဆိုင်းပြီး ရင်းနှီးမြှုပ်နှံမှုများ မလုပ်ကြရန် တောင်းဆိုခဲ့ပါသည်။ ဒါဟာ စစ်အစိုးရနှင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ပူးပေါင်းဆောင်ရွက်နေမှု အဆုံးသတ်ရန်အတွက် အရေးကြီးပြီး မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွေ ပြန်လည်ရရှိစေမှာ ဖြစ်ပါသည်.
မြန်မာအတွက် ဆက်လက်ပံ့ပိုးကူညီကာ အပြည်ပြည်ဆိုင်ရာကုမ္ပဏီများကို မြန်မာနိုင်ငံမှ “တာဝန်သိသိဖြင့် ထွက်ခွာ” စေဖို့ ဖိအားပေးပါ!

UA ZENSEN ၏ ဒုတိယ ဥက္ကဌ Brother Hiromu Kogure မှ ၂၈ ကြိမ်မြောက် IUF ညီလာခံတွင် မိန့်ခွန်းပြောနေပုံ
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်သည့် နှစ်နှစ်တာကာလ နောက်ပိုင်း အခြေအနေတွေဟာ တိုးတက်ကောင်းမွန်လာတာမျိုး မရှိပဲ အပြစ်မဲ့ပြည်သူများ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် သမဂ္ဂအဖွဲ့ဝင်များသည်လည်း အသတ်ခံရကာ ၎င်းတို့၏ နေအိမ်များ မီးရှို့ခံလိုက်ကြရပြီး ကြေကွဲစရာ အခြေအနေတွေက ဆက်လက်ဖြစ်ပေါ်နေပါတယ်။
ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံက ကျွန်ုပ်တို့၏ သမဂ္ဂအဖွဲ့ဝင်တွေကို ယနေ့အချိန်ထိ ပံ့ပိုးကူညီပေးနိုင်အောင်စီစဥ်ပေးခဲ့တဲ့အတွက် ဒေသဆိုင်ရာ အတွင်းရေးမှူး Brother Hidayat ကို အထူးလေးစားကြောင်း ပြောကြားလိုပါတယ်။
ယနေ့အချိန်ထိတော့ UA ZENSEN အနေဖြင့် CTUM ကို အရေးပေါ်အကူအညီ ၃ ကြိမ် ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိပြီး အလုပ်သမားများ ငြိမ်းချမ်းစွာ အလုပ်လုပ်နိုင်ကြသည့် အချိန်ထိ အဲလို ဆက်လက် ပါဝင်ကူညီသွားမယ်။
ကမ္ဘာကြီးက ယူရိန်းဘက်ကိုပဲ အာရုံစိုက်နေချိန်မှာ မြန်မာတွက်လည်း ဆက်လက်ပြီး ပိုမိုကူညီပံ့ပိုးပေးကြဖို့ကိုလည်း တောင်းဆိုပါတယ်။
တခြား GUFs အဖွဲ့အစည်းတွေလုပ်ဆောင်နေကြသလိုပဲ ဒေသဆိုင်ရာ အတွင်းရေးမှူး Brother Hidayat ၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံမှ “ တာဝန်သိသော ဆုတ်ခွာခြင်း” အပေါ် IUF မှ သိသိသာသာ လုပ်နေသည်ကိုလည်း သိရှိရပါတယ်။
တကမ္ဘာလုံးဆိုင်ရာ စားသောက်ကုန်းကုမ္ပဏီ တော်တော်များများ မြန်မာနိုင်ငံမှာ ရှိနေပြီး လုပ်ငန်းဆက်လက် လည်ပတ်နေဆဲလည်း ဖြစ်ပါတယ်။ တချို့ကလည်း ဒီကုမ္ပဏီတွေကို ထွက်ခွာဖို့ တောင်းဆိုတာဟာ “ကျွန်ုပ်တို့အဖွဲ့ဝင်များ အလုပ်အကိုင်မဲ့” စေတယ်လို့ ဆိုကြပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံမှာ ဒီမိုကရေစီ နည်းလမ်းကျကျ လှုပ်ရှားနေတဲ့ သမဂ္ဂများဟာ ဖိနှိပ်ခံနေကြရပြီး “အဝါရောင် သမဂ္ဂ” လို့ ခေါ်ကြတဲ့ စစ်အာဏာရှင် အလိုကျ အဖွဲ့အစည်းများကသာ ပိုမို ကြီးစိုးနေပါတယ်။ သမဂ္ဂအဖွဲ့ဝင်များ၏ အလုပ်တော်တော်များများကိုလည်း အဖွဲ့ဝင် မဟုတ်သော၊ ပုံမှန်မရှိသော လုပ်သားများဖြင့် အစားထိုးနေသည်ကိုလည်း ကြားသိရပါတယ်။
မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးစံညွှန်းအတိုင်း ကျင့်သုံးရန် မဖြစ်နိုင်တော့ပါ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားကုမ္ပဏီများကို ပိုမိုဖိအားပေးရန် IUF ကို တောင်းဆိုရင်းဖြင့် ကျွန်ုပ်၏ မှတ်ချက်စကားကို နိဂုံးချုပ်အပ်ပါတယ်။
by IUF Asia/Pacific | May 24, 2023 | မြန်မာဘာသာ Myanmar language, Climate Crisis, Defending Democracy
နိုင်ငံတော်တော်များများမှာ စစ်တပ်ဟာ နိုင်ငံရေး၊ လူမှုရေးနှင့် စီးပွားရေး အကျပ်အတည်းကို အသုံးချပြီး သမိုင်းတလျောက်မှာ အရေးပေါ်ကြေငြာတာ၊ ဒီမိုကရေစီကို ယာယီဆိုင်းငံ့တာ၊ အာဏာသိမ်းယူတာမျိုး လုပ်လေ့ရှိပါသည်။ ယခုအခါ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းသည်လည်း စစ်တပ်တွေ ကြားဝင်ဖို့နဲ့ တပ်အင်အားတွေဖြန့်ထားဖို့အတွက် အသုံးချစရာတခုလည်း ဖြစ်လာစေပါသည်။ ရာသီဥတု ပြောင်းလဲမှုသည် ဆိုးရွားသော ရာသီဥတုအဖြစ်အပျက်များ ပိုမို ပြင်းထန်များပြားလာခြင်းကြောင့် အရေးပေါ် အခြေအနေများလည်း အကြိမ်ကြိမ် ပိုမိုကြုံတွေ့လာရတော့မည်။ သဘောက စစ်တပ်ရဲ့ အရေးပေါ်အာဏာရယူမှုနှင့် ဒီမိုကရေစီ ယာယီဆိုင်းငံ့ထားမှု အကြိမ်ကြိမ် ပိုမိုဖြစ်ပေါ်လာမည်။ နိုင်ငံတော်တော်များများမှာ ဒီလိုစဥ်ဆက်မပြတ် ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေတွေက အမှန်တကယ်စိန်ခေါ်မှုတရပ် ဖြစ်လာပြီး ဒီမိုကရေစီနှင့် ဒီမိုကရက်တစ်အခွင့်အရေးများကို ဆက်လက် ဆိုင်းငံ့ခံရစေပါသည်။ တဖက်မှာလည်း ရာသီဥတုဆိုင်ရာ အကျပ်အတည်းကို ကိုင်တွယ်ရန်နှင့် ရာသီဥတုဆိုင်ရာ တရားမျှတမှု ရရှိစေရန် အဲဒီဒီမိုကရေစီနှင့် ဒီမိုကရက်တစ်အခွင့်အရေးများ လိုအပ်နေပေသည်။
၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့ မှာ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအနောက်ခြမ်းဒေသ မိုခါဆိုင်ကလုံး ဝင်ရောက်ခဲ့ချိန်မှာ ပြင်းအားအဆင့်နံပါတ် ၅ မုန်တိုင်းက ရခိုင်ပြည်နယ်မှာ အသက်ဆုံးရှုံး မှုများစွာနှင့်အတူ အပျက်အစီး များပြားခဲ့ပါသည်။ စစ်တွေမြို့တော် အများစု ပျက်စီးခဲ့ရပါသည်။
လူသားတွေကြောင့် ဖြစ်ပေါ်ရသည့် ရာသီဥတုပြောင်းလဲမှုရလဒ်တခုအနေဖြင့် မိုခါဆိုင်ကလုံးတို့လို ရာသီဥတုဆိုးရွားပြင်းထန်မှု များပြားလာတယ်ဆိုတာ ကောင်းကောင်းနားလည်လာကြပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့ သိပ်နားမလည်ဖြစ်တာက ဒီပြင်းထန်ဆိုးရွားတဲ့ ရာသီဥတုဖြစ်စဥ်များ၏ နိုင်ငံရေးအခြေအနေ သည် သေဆုံးပျက်စီးမှုနှင့် အိုးမဲအိမ်မဲ့ ဖြစ်ရသည့်အခြေအနေအပေါ် လေးနက်သော သက်ရောက်မှုရှိ တယ် ဆိုတာပဲဖြစ်ပါသည်။
မြန်မာနိုင်ငံက ရက်စက်စွာဖိနှိပ်ခံရမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ရဲဝံ့စွာအစီရင်ခံလေ့ရှိသော Women’s Peace Network မှ မေလ ၁၆ ရက်နေ့တွင် အရေးပေါ်ရှင်းလင်းချက် ပြုလုပ်ခဲ့ပြီး မိုခါဆိုင်ကလုံး၏ သက်ရောက်မှုကို အကဲဖြတ်ခဲ့ကြပါသည်။ စစ်တပ်က ဆိုင်ကလုံးကို အသုံးချပြီး နိုင်ငံရေးအရ ပိုမိုဖိနှိပ်နေမှု နည်းလမ်းများကိုလည်း ရှင်းလင်းချက်မှ လေ့လာခဲ့ကြပါသည်။
မိုခါဆိုင်ကလုံးအပေါ် စစ်အစိုးရ၏ တုံ့ပြန်ချက်ဆိုင်ရာ အစီရင်ခံစာ စတင်ထွက်ပေါ်လာရာမှာ စစ်အစိုးရအနေဖြင့် ရိုဟင်ဂျာ စစ်ပြေးဒုက္ခသည်များ၏ ရွှေ့ပြောင်းရေးကြိုးပမ်းချက်ကို အဖျက် အမှောက်လုပ်ခဲ့ပြီး သူတို့နေထိုင်ရာနဲ့ အနီးပတ်ဝန်းကျင်တွေ အကူအညီမရောက်အောင် ထိုအချိန် ကတည်းက ပိတ်ပင်ခဲ့တာကို ထုတ်ဖော်ခဲ့ပါသည်။ တခြားတွေ့ရှိချက်များထဲက ဒီတွေ့ရှိချက်များဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက အသားရောင်ခွဲခြားမှုကို ပိုမိုခိုင်မာစေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်လည်း ဖြစ်ပါသည်။
“အဆင်ပြေသော ပေါ့ဆမှု”လို့ ပြောကြသလို ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာ ဒုက္ခသည်စခန်းအပေါ် မိုခါဆိုင်ကလုံး၏ ပျက်စီးဆုံးရှုံးစေသော သက်ရောက်မှုက ၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ကျူးလွန်သော လူမျိုးတုံးသတ်ဖြတ်မှုမှာ မြန်မာနိုင်ငံမှ အတင်းအဓမ္မထွက်ပြေး ခဲ့ကြရတာကို ပြန်လည်အမှတ်ရစေပါသည်။ ၎င်းကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှ လူသား အပေါ်ကျူးလွန်သော ရာဇဝတ်မှုအဖြစ် သတ်မှတ်ခဲ့ပါသည်။
ဒီနေရာမှာ ရာသီဥတုဒဏ်ခံနိုင်မှုနှင့် စစ်အုပ်ချုပ်ရေးအောက်က နေထိုင်နေကြရသော လူဦးရေ၏ အားနည်းချက် ပေါင်းစည်းမှုကို ကျွန်ုပ်တို့ မြင်တွေ့ကြရမည်။ စနစ်ကျသော နိုင်ငံရေးအရ နှိပ်ကွပ်မှုနှင့် သတ်မှတ်ထားသော လူမျိုးစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များကြောင့် ဒီအားနည်းချက်ဟာ ကြီးမားကျယ်ပြန့်လာပါသည်။ ပြည်သူတွေဟာ အသက်ဆုံးရှုံးခြင်း၊ ၎င်းတို့နေအိမ်တွေ ပျက်စီးခြင်း၊ ချို့ တဲ့ခြင်းနှင့် စစ်ဘေးရှောင်ရခြင်းအပြင် ၎င်းတို့၏အသိုင်းအဝိုင်းများကို ကာကွယ်ရန်အတွက် ၎င်းတို့ကိုယ် တိုင် ပြင်ဆင်ဖို့ သို့မဟုတ် စုပေါင်းလုပ်ဆောင်ဖို့ကိုပါ ပြင်းထန်စွာ ကန့်သတ်ခံထားရပါသည်။
ဆိုင်ကလုံးကဲ့သို့လို ဆိုးရွားပြင်းထန်တဲ့ ရာသီဥတုနောက်ပိုင်း လူသားချင်းစာနာထောက်ထားမှု အကျပ် အတည်းမှာ အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေက စစ်အာဏာရှင်နှင့် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်နေတာကို မကြာခဏ တွေ့ကြရပါသည်။ တချို့ ကယ်ဆယ်ရေး အေဂျင်စီများက ဗဟို ချုပ်ကိုင်ထားသော အာဏာရှင်အစိုးရများကို အကူအညီအတွက် ပိုမိုထိရောက်သော ဖြန့်ဖြူးရေး ယန္တရားတစ်ခုအဖြစ် ယုံကြည်ပုံရသည်။ ဒီယုံကြည်မှုက စစ်အာဏာရှင်တွေ ဆိုးဆိုးရွားရွား လာဘ်စားတာ၊ အများပြည်သူပိုင်ပစ္စည်း (လူသားချင်းစာနာထောက်ထားမှု အကူအညီ အပါအဝင်) တွေကို ဩဇာကြီးမားသူနှင့် ၎င်းတို့၏ ခရိုနီများမှတဆင့် လွှဲပြောင်းပေးအပ်တာမျိုးကို မသိကျိုးကျွံပြုလိုက်သလို ဖြစ်စေပါသည်။ အများပြည်သူပိုင်ပစ္စည်း ခိုးယူသုံးစွဲမှုက အာဏာရှင်တွေ ပထမနေရာ တည်ရှိနေခြင်း အဓိက အကြောင်းအရင်းများထဲက တချက်ဖြစ်သည်။
အရေးကြီးတာက အာဏာရှင်တွေအောက်မှာ လူသားချင်း အကျပ်အတည်းနှင့် လူသားချင်းအကူအညီ တွေဟာ နိုင်ငံရေးအရ ဆုံးဖြတ်ခံကြရသည်။ ရန်လိုသူများအဖြစ် သတ်မှတ်ခံထားရသော ပြည်နယ် နှင့်/ သို့မဟုတ် သီးခြားလူမျိုးစု သို့မဟုတ် ဘာသာရေးအစုအဖွဲ့များသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများရရှိဖို့ ငြင်းပယ်ခံကြရပါသည်။ ကျွန်ုပ်တို့ မြန်မာနိုင်ငံမှာ မြင်တွေ့နေရသည့်အတိုင်း ပြည်သူတွေအပေါ် ဆင်နွှဲနေတဲ့ စစ်အစိုးရ၏ စစ်ပွဲက လူသားချင်းအကူအညီကိုပါ ထပ်ပြီး ငြင်းပယ်လာပါသည်။ အကြောင်းပြချက်ကတော့ ရှုပ်ထွေးမနေပါ။ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကျပ်အတည်းတစ်ခု၏ သားကောင်ဖြစ်ရန်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ရရှိရန်အတွက် သင့်ကို လူသားအဖြစ် ဦးစွာသတ်မှတ်ကြရမည်။
၁၉၄၅ ခုနှစ်မှ စတင်ပြီး နိုင်ငံတော်တော်များများ (ပြင်ပနိုင်ငံ ကြားဝင်မှုရှိသော နိုင်ငံများ) မှာ ဒီမိုကရေစီ စတင်အဆုံးသတ်လာကြတာကို ကျွန်ုပ်တို့ တွေ့ရှိကြရပါသည်။ ထိုနိုင်ငံများမှာ ပြည်နယ်၊ တိုင်း၊ ခရိုင်ဒေသများအလိုက် နိုင်ငံတော် အရေးပေါ်အခြေအနေကြေငြာခြင်းနှင့် လမ်းမတွေအပေါ် စစ်တပ်ဖြန့်ထားခြင်းတွေ တွေ့ရှိရလေ့ရှိပါသည်။ စစ်တန်းလျားကနေ ထွက်လာတဲ့အခါမှာ စစ်ဗိုလ်ချုပ်များနှင့် ၎င်းတို့၏ ကလေးတွေက နိုင်ငံရေး၊ အရပ်သားနှင့် စီးပွားရေးနယ်ပယ်ဆီကို လျင်မြန်စွာ ရွေ့ပြောင်းလာပါသည်။
ရွေးကောက်တင်မြောက်ခံထားရသော လွှတ်တော် သို့မဟုတ် ကွန်ဂရက်တို့၏ အခွင့်အာဏာ ပြန်လည်ရရှိပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲ ပြန်လည်ကျင်းပနိုင်သည့်တိုင် စစ်တပ်က နိုင်ငံရေးပါတီများကို ထိန်းချုပ်ထားပြီး နိုင်ငံရေး၊ အရပ်သားနှင့် စီးပွားရေးနယ်ပယ်မှာ ၎င်းတို့ရဲ့ ခြေရာတွေကို ထိန်းထားပါသည်။ ဒါဟာ ပြည်သူတွေအတွက်တော့ အမြဲတမ်း အရေးပေါ်အခြေအနေ – အမြဲတမ်း အကျပ်အတည်း ဖြစ်လာရသည်။
ဤစဥ်ဆက်မပြတ်ဖြစ်ပေါ်နေသော အကျပ်အတည်းတွင် “ရာသီဥတုဒဏ် ခံနိုင်ရည်ရှိမှု” ကိုလည်း ပြန်လည်သတ်မှတ်ပါသည်။ ရာသီဥတုဒဏ်ခံနိုင်ရည် ရှိမှုမှာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက် ရောက်မှုများအပေါ် သာတူညီမျှသော လူမှုရေး၊ စီးပွားရေးနှင့် ယဥ်ကျေးမှုဆိုင်ရာ တုံ့ပြန်မှုများကို ရရှိ စေရန် စုပေါင်းတာဝန်ယူမှုအပြင် လူသားကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းမှုနှင့် သဘာဝပတ်ဝန်း ကျင် အကာအကွယ်ပေးမှုတို့လည်း ပါဝင်ပါသည်။ ယခုအခါ ကျွန်ုပ်တို့ အသိုင်းအဝိုင်းအတွင်းက နိုင်ငံရေးဩဇာရှိသူများမှ ရာသီဥတုဒဏ်ခံနိုင်ရည် ပိုမိုရှိကြရန် တောင်းဆိုနေမှုက နောက်ထပ် ဆိုးရွား ပြင်းထန်သည့် ရာသီဥတုဖြစ်စဥ်ကို ကျွန်ုပ်တို့ ရိုးရှင်းစွာ ရင်ဆိုင်ရမည့်သဘောဟု အဓိပ္ပာယ်ရပါသည်။ စုပေါင်းဆောင်ရွက်မှုနှင့် တာဝန်ခံတာဝန်ယူမှုအတွက် ဒီမိုကရေစီ ယန္တရားတွေ ချွတ်ပစ်ခံလိုက်ရပြီး အခွင့်အရေးတွေ မရှိကြတော့သည့်အနေအထားမှာ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုဟာ ထိလွယ်ရှလွယ် သော အသိုင်းအဝိုင်းကို ခံနိုင်ရည်ရှိကြရန် ရိုးရိုးရှင်းရှင်းဖြင့် မျှော်လင့်နေစေသေည့် သဘောဖြစ်ပါသည်။ သို့မဟုတ် အဲဒီကနေ ထွက်သွားဖို့ပဲ ရှိပါသည်။
နိုင်ငံတော်တော်များများမှာ အာဏာရလက်ယာစွန်းတွေက ရာသီဥတုဆိုင်ရာ ငြင်းပယ်ခြင်းမှ ရာသီဥတု ထိတ်လန့်ခြင်းဆီကို ကူးပြောင်းနေပြီ ဖြစ်သည်။ ထိခိုက်မှုရှိသော အသိုင်းအဝန်း (အထူးသဖြင့် ရာသီ ဥတုဆိုင်ရာ ထိခိုက်လွယ်သော ကျေးလက်အသိုင်းအဝိုင်း)ကို ပံ့ပိုးကူညီရန်အတွက် တိုင်းပြည်လို အပ်ချက်ကို နိုင်ငံရေးအခွင့်အရေးအဖြစ် သူတို့ မြင်ကြသည်။ ဒီလိုအကျပ်အတည်းသစ်နဲ့ ရင်ဆိုင် နေရချိန် အာဏာရလက်ယာစွန်းတွေက ခိုင်မာအားကောင်းသော ခေါင်းဆောင်မှု အတွက် ထပ်ခါထပ်ခါ တောင်းဆိုနိုင်ပါသည် – အာဏာရှင်တွေ သုံးလေ့ရှိသော အသုံးအနှုံးတခုလည်း ဖြစ်ပါသည်။ အရေးပေါ် အခြေအနေတိုင်းလိုလိုမှာ ရာသီဥတုဆိုင်ရာအကျပ်အတည်းကို အသုံးချပြီး အာဏာရလက်ယာစွန်း တွေက နိုင်ငံကို ပြင်ပခြိမ်းခြောက်မှုကနေတုံ့ပြန်ရန်အတွက်ဆိုကာ ဒီမိုကရေစီ ဆိုင်ငံ့ခြင်းကို အကြောင်းပြပါသည်။
ဒီလိုရာသီဥတုအကျပ်အတည်းမှာ ဆိုးရွားပြင်းထန်သော ရာသီဥတုဖြစ်စဥ်များ၊ အပူလှိုင်းနှင့် တောမီးများကြောင့် ရာသီဥတုဆိုင်ရာအရေးပေါ်အခြေအနေများ ဆက်လက်ကြုံတွေ့နေရမည်။ ဤအရာသည် ပြင်းထန်သော ရာသီဥတုဖြစ်ရပ်တခုမှ တခြားတစ်ခုသို့ “ရာသီဥတု ကျာပွတ်ရိုက်ချက်”ဖြင့် ပိုမိုပြင်းထန်လာသည် (ဥပမာ – ရေကြီးရေလျံမှု ဖြစ်ပွားပြီးနောက်မှာ ရေရှားပါးမှု၊ မိုးသည်းထန်မှုဖြစ်ပွားပြီးနောက်မှာ တောမီးလောင်မှု) အကယ်လို့ ဒီလိုအခြေအနေက နိုင်ငံတော်အရေးပေါ်အခြေအနေတခုအဖြစ် ဆက်လက်ဖြစ်ပေါ်နေပြီး ဒီမိုကရေစီ ဆိုင်ငံ့ခံထားရမှုက အမြဲတမ်းလိုလို ဖြစ်လာစေမယ်ဆိုရင် ဘယ်လိုနေမလဲ?
by IUF Asia/Pacific | Feb 9, 2023 | မြန်မာဘာသာ Myanmar language, Defending Democracy, Human Rights
“သင် နာကြည်းမှုမရှိလျှင်၊ သင် ဂရုမစိုက်ဘူး” ဆိုသည့် ထုတ်ဖော်ပြသမှုက ယနေ့ မြန်မာနိုင်ငံတွင်းက ဒီမိုကရေစီအရေး၊ လွတ်လပ်မှုနှင့် လူ့အခွင့်အရေးအပေါ် ရက်ရက်စက်စက် ဖိနှိပ်ခံနေရသည့်အပေါ် နိုင်ငံတကာအသိုင်းအဝန်း၏ အားနည်းသော တုံ့ပြန်မှုနှင့် ထိုက်တန်ပါသည်။ မြန်မာနိုင်ငံပြင်ပမှာတော့ လုံလောက်သည့် နာကြည်းမှုတွေ မရှိပါ။ ထို့အပြင် သတင်းသမားတွေ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေရဲ့ အစွမ်းကုန်ကြိုးပမ်းချက်တွေ ရှိနေပေမယ့်လည်း ကမ္ဘာကြီးက လုံလောက်သော အာရုံစိုက်မှု မပေးသေးပါ။
မြန်မာနိုင်ငံတွင်းမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က အသံတိတ်သပိတ်က နိုင်ငံအဝှမ်းက လမ်းများအပေါ် လူသူကင်းမဲ့စေခဲ့ပါသည်။ မြို့ကြီး၊ မြို့ငယ်များနှင့် ကျေးရွာများပါမကျန် လူမျိုး၊ဘာသာစကားပေါင်းစုံမှ ပြည်သူတွေက သူတို့ရဲ့ တိတ်ဆိတ်ငြိမ်သက်မှုတို့ဖြင့် ကျယ်လောင်မြင်သာစွာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။
မြန်မာပြည်သူလူထုတို့၏ သတ္တိရှိရှိ ဒီလိုလုပ်ဆောက်ချက်အပေါ် နိုင်ငံတကာအသိုင်းအဝန်း၏ တုံ့ပြန်မှုမှာ ရှက်ဖွယ်ရာဖြစ်သည်။ အခွင့်အာဏာရှိတဲ့ အစိုးရလမ်းကြောင်းတွေ အသံကြားအောင် လုပ်ကြရမည့်အစား၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများမှတဆင့် စစ်အစိုးရကို ပံ့ပိုးနေသည့် ကုမ္ပဏီများကို ရှုံ့ချမည့်အစား သူတို့ပါ တိတ်ဆိတ်နေကြသည်။ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီ (SAC) ၏ တရားမဝင် စစ်အစိုးရကို တွန်းအားပေးနေသည့် ဆက်လက်ဆောင်ရွက်ဆဲ စီးပွားရေးအကူအညီနှင့်ကုန်သွယ်မှုကို ကျယ်ကျယ်လောင်လောင် ရှုံံ့ချရမည့်အစား နိုင်ငံတကာ အသိုင်းအဝန်းတွေက စောင့်ကြည့် အချိန်ဆွဲနေကြပါသည်။ ပိုတောင် တိတ်ဆိတ်နေကြသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က သတ္တိရှိရှိ ဆင်နွှဲခဲ့ကြသည့် အသံတိတ်သပိတ်၏ ဆိုလိုရင်းကို နိုင်ငံတကာ အသိုင်းအဝန်းတွေ လွဲချော်သွားဟန်ရှိနေချိန်မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တရားမဝင်စစ်အစိုးရကတော့ ရှင်းလင်းစွာ နားလည်သဘောပေါက်နေနှင့်ပြီ။ ဖေဖော်ဝါရီလ ၁ ရက်နေ့က ကျယ်လောင်သော ဆိတ်ငြိမ်မှုက SAC စစ်အစိုးရ၏ အခွင့်အာဏာနှင့် တရားဝင်မှု လုံးဝ မရှိတာကို ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ၎င်းတို့၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ လှည်းစားနေသော လူဆိုးဂိုဏ်းများနှင့် စီးပွားရေး ခရိုနီများမှ လွဲရင် SAC စစ်အစိုးရကို လူတိုင်း ဆန့်ကျင်နေကြတာ ဖြစ်ပါသည်။ ဒါကို ထိတ်လန့်သွားကာ စစ်အစိုးရမှ နိုင်ငံတော် အရေးပေါ်အခြေအနေကို သက်တမ်းထပ်တိုးခဲ့ပြီး ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများအပေါ် ရက်ရက်စက်စက် ဖြိုခွင်းမှုအပေါ် အရှိန်မြှင့်ခဲ့ပါသည်။ ဖမ်းဆီးဖိနှိပ်ခြင်းနှင့် နိုင်ငံတော်အကြမ်းဖက်မှု လှိုင်းသစ်တစ်ခု စတင်ခဲ့ပြီ ဖြစ်ပါသည်။

ကြံရာမရဖြစ်နေသော စစ်အစိုးရမှ လူသူကင်းမဲ့သည့် လမ်းများပေါ်မှာ လူတအုပ်ကို စုရုံးလှုပ်ရှားစေသည်၊ အင်အားပြသရာ မရောက်ပဲ အားနည်းချက်ကို သိသာစေသည်
စစ်အစိုးရကလည်း ပြည်သူတို့၏ ထိရောက်ကျယ်ပြန့်သော အသံတိတ်သပိတ်က ၂၀၂၃ ခုနှစ် ဩဂုတ်လတွင် ကျင်းပမည့် ၎င်းတို့၏ အတုအယောင်ရွေးကောက်ပွဲအပေါ် ထိခိုက်စေမယ်ဆိုတာ သိရှိထားလိုက်ပါပြီ။ တရားမဝင် SAC စစ်အစိုးရ၏ ဩဂုတ်လမှာ ကျင်းပမည့် ရွေးကောက်ပွဲ၏ ရည်ရွယ်ချက်မှာ နိုင်ငံတကာ အသိုင်းအဝန်းကို ကျေနပ်စေရန် ဖြစ်ပါသည်။ ထိုရွေးကောက်ပွဲများဖြင့် ဒီမိုကရေစီပြန်လည်ရရှိနေမှု တိုးတက်မှုအခြေအနေအဆင့်ဆင့်ကို ပြသရန်ဖြစ်သည်။ EU အပါအဝင် အစိုးရများစွာ၏ စီးပွားရေးနှင့် ကုန်သွယ်ရေး အကြံပေးများက SAC စစ်အစိုးရနှင့် ၎င်းတို့၏ စီးပွားရေး ခရိုနီများကို အကြံပြုထားသည့်အချက်မှာ – ဩဂုတ်လတွင် ကျင်းပမည့် ရွေးကောက်ပွဲများ၏ ထင်မြင်ချက်က စီးပွားရေးပိတ်ဆို့ထားမှုကို လျော့ကျရန်၊ စစ်ခေါင်းဆောင်တို့၏ ပိုင်ဆိုင်မှုတွေကို သုံးစွဲခွင့်ရစေရန်နှင့် “ပုံမှန်စီးပွားရေးလုပ်ငန်း” ပြန်လည်ရောက်ရှိစေရန် အကူအညီ ပေးလိမ့်မည် ဆိုတာပဲ ဖြစ်ပါသည်။
သို့သော်လည်း ဖေဖော်ဝါရီလ ၁ ရက်နေ့က အသံတိတ်သပိတ်က ဒီထင်မြင်ချက်ကို ကွဲအက်စေသည်။ အတုအယောင်ရွေးကောက်ပွဲကို ကျယ်ကျယ်ပြန့်ပြန့် သပိတ်မှောက်မည့် အလားအလာ တကယ်ဖြစ်လာမည်။ စိတ်ပျက်အားငယ်ရသည့်အနေအထားမှာ စစ်အစိုးရအနေဖြင့် မြန်မာပြည်သူလူထုအပေါ် ထိုးစစ်အသစ် စတင်ခဲ့ပါသည်။ ရွေးကောက်ပွဲများဟာ အတုအယောင်နှင့် တရားမဝင်သာ ဖြစ်ကြောင်း ချက်ချင်းရှုံ့ချခြင်းဖြင့် နိုင်ငံတကာ အသိုင်းအဝန်းမှ တုံ့ပြန်ရပါမည်။ နိုင်ငံတကာ အသိုင်းအဝန်း အနေဖြင့် နာကြည်းကြရမည်၊ တရားမဝင် SAC စစ်အစိုးရနှင့် ၎င်းတို့၏ စီးပွားရေး ခရိုနီများအပေါ် စုပေါင်း အရေးယူခြင်းဖြင့် နာကြည်းမှုကို ပြသကြရမည်။
ဒီလိုဆောင်ရွက်ချက်တွေက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို မြန်မာပြည်သူတို့၏ တရားဝင် အစိုးရအဖြစ် အပြည့်အဝ အသိအမှတ်ပြုသည့် သဘောလည်း ဖြစ်ပါသည်။ အပြည့်အဝ အသိအမှတ်ပြုမှုလို့ ဆိုရာမှာ NUG နှင့် နှစ်နိုင်ငံအကူအညီဖြင့် ကျောထောက်နောက်ခံရှိမှု၊ အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုကို ဆိုလိုပါသည်။ အပြည့်အဝ အသိအမှတ်ပြုမှုတွင် အစိုးရဌာနများ/ ဗျူရိုများအားလုံးနှင့် ၎င်းတို့၏ ပြည်ပကုန်သွယ်ရေးမစ်ရှင်များမှ NUG ၏ တရားဝင် သံတမန်ရေး အသိအမှတ်ပြုမှု ပါဝင်စေရပါမည်။
အာရုံစိုက်မှုထားပြီး နာကြည်းခဲ့ကြရသူတိုင်းက NUG ကို အသိအမှတ်ပြုရန်ဆိုထားသည့် ၎င်းတို့အစိုးရ၏ အရေခြုံမှုကို စိန်ခေါ်လိမ့်မည်ဖြစ်သော်လည်း ၎င်းတို့အစိုးရ ဌာနများ၊ ပြည်ပကုန်သွယ်ရေးမစ်ရှင်များကို ကုန်သွယ်မှု၊ အကူအညီနှင့် ရင်းနှီးမြှုပ်နှံမှုများ စီးဆင်းနေစေမည်။ ဒီတူညီသော ပြည်ပကုန်သွယ်ရေးနှင့် ထောက်ပံ့ရေးမစ်ရှင်များမှ ဩဂုတ်လ ရွေးကောက်ပွဲကို “ ချို့ယွင်းချက် ရှိသော်လည်း တိုးတက်မှု၏ လက္ခဏာ” အဖြစ် ပြည်တွင်းကလူတွေ လက်ခံရန် စည်းရုံးလိမ့်မည်။
နိုင်ငံတကာ အစိုးရများက ရွေးကောက်ပွဲကို ဒီမိုကရေစီ ပြန်လည်ရှိရေး “တဖြည်းဖြည်း တိုးတက်မှု” လက္ခဏာအဖြစ် လက်ခံလိုက်ပါက ဒီမိုကရေစီ ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်ပါ။ ပြန်ရနိုင်တာဆိုလို့ စစ်တပ်ခရိုနီများနှင့် စီးပွားရေး အပေးအယူသာ ဖြစ်ပါသည်။
ယူကရိန်းက ရှည်လျားသော စစ်ပွဲ၊ စွမ်းအင်လိုအပ်ချက်နှင့် စားနပ်ရိက္ခာဖူလုံရေးဆိုင်ရာ “မဟာဗျူဟာ” ထည့်သွင်းစဥ်းစားမှုများတွင် မြန်မာနိုင်ငံက ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးများကို ဓားစာခံအဖြစ် ဆုပ်ကိုင်ထားလို့ မရနိုင်ပါ။ ဖေဖော်ဝါရီလ ၁ ရက်နေ့တုန်းက တောင်သူ၊လယ်ယာလုပ်သားများ အသံတိတ်သပိတ် ဆင်နွှဲခဲ့ပြီး ဖြစ်ပါသည်။ ဒါကြောင့် EU နှင့် တခြားနိုင်ငံများ ဆန်နှင့် တခြားလိုအပ်သောစားသောက်ကုန်များ ဘာကြောင့် တင်ပို့နေသေးလဲ? လူသားချင်းစာနာမှုအကျပ်အတည်းကာလတခုမှာ ဘာကြောင့် ကုန်သွယ်မှုကို “ပုံမှန်” ဖြစ်စေရန် ကြိုးပမ်းနေကြသလဲ? နိုင်ငံခြားအစိုးရများ၏ အစိတ်အပိုင်းများ သို့မဟုတ် ၎င်းတို့၏ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုအဖွဲ့များမှ ဩဂုတ်လ ရွေးကောက်ပွဲကို “ပုံမှန်အတိုင်းလည်ပတ်နေသော စီးပွားရေးလုပ်ငန်း”၏ ရှေ့ပြေးနိမိတ်အဖြစ် တင်ပြရန် ကြိုးပမ်းမှုမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ပါဝင်ပတ်သက်နေခြင်း ဖြစ်ပါသည်။
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က အသံတိတ်သပိတ်မှာ မြန်မာပြည်သူတွေ ထုတ်ဖော်ပြသခဲ့ကြပြီ ဖြစ်ပါသည်။ ကျွန်ုပ်တို့ အာရုံစိုက်ကြရမည်၊ နာကြည်းမှုတို့ဖြင့် အလေးပေးဆောင်ရွက်ကြရပါမည်။