မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ – သွေးစွန်းသော စစ်ရေးမြှင့်တင်မှုက အတုအယောင်ရွေးကောက်ပွဲများကို “ဘာမှမရှိခြင်းထက်စာရင် ပိုကောင်းသည်” ဟု ဖန်တီးခြင်း

မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ – သွေးစွန်းသော စစ်ရေးမြှင့်တင်မှုက အတုအယောင်ရွေးကောက်ပွဲများကို “ဘာမှမရှိခြင်းထက်စာရင် ပိုကောင်းသည်” ဟု ဖန်တီးခြင်း

ဒီရက်သတ္တပတ်များအတွက် မြန်မာစစ်တပ်၏ အရှိန်မြှင့်လာသော တိုက်ခိုက်မှုများသည် သေဆုံးမှုများ၊ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ် စေခဲ့သော်လည်း တိုင်းပြည်၏ဒေသအများစုကို စစ်တပ်ထိန်းချုပ်နိုင်သည် အထိတော့ မရှိခဲ့ပေ။ စစ်စခန်းအချို့နှင့် မြို့နယ်အချို့ကို ဒီမိုကရေစီနှင့် တိုင်းရင်းသားတော်လှန်ရေး တပ်များမှ မြန်မာစစ်တပ်ပြန်လည်ရယူနိုင်ခြင်းက စစ်အာဏာရှင်အတွက် သီးခြားနှင့်ယာယီဖြစ်သော အောင်မြင်မှုများကို ဖော်ပြနေခြင်းသာ ဖြစ်ပါသည်။ 

ဒါတွေက မြန်မာပြည်သူလူထုတွေအပေါ် အကြမ်းဖက်မှုတွေ ပိုမိုဖြစ်ပေါ်လာခြင်းဖြစ်ပြီး အရပ်သား များ၏ အသက်ဆုံးရှုံးမှုများ ထပ်လောင်းဖြစ်စေကာ စစ်အာဏာရှင်ကို ဖြုတ်ချရမည်ဟူသော ပြည်သူလူထု၏ ပိုမိုခိုင်မာသောဆုံးဖြတ်ချက်ကို နှိုးဆော်ခြင်း ဖြစ်ပါသည်။ 

သို့သော်လည်း ဒီမိုကရေစီနှင့် တိုင်းရင်းသားတော်လှန်ရေးပူးပေါင်းတပ်များမှ နယ်မြေတွေ ပြန်လည်မရရှိသည့်တိုင် မြန်မာစစ်တပ်သည် ၎င်းတို့၏ ပန်းတိုင်တွေကို ရရှိနိုင်နေဆဲပင် ဖြစ်သည်။ 

အလုပ်ဖြစ်ပုံမှာ –  ပြည်သူလူထုတွေအပေါ် စစ်အစိုးရတပ်က စစ်ရေးမြှင့်တင်လာတဲ့အခါ အစိုးရ တော်တော်များများက ငြိမ်းချမ်းရေးအတွက် ပိုမိုတောင်းဆိုလာမှာဖြစ်ပြီး ရုတ်တရက်အနေဖြင့် အတုအယောင်ရွေးကောက်ပွဲဟာ သတ်ဖြတ်မှုတွေကို ရပ်တန့်ဖို့ “လုံလောက်”တဲ့ ဖြေရှင်းချက်တခုလို ဖြစ်လာဟန်ရှိတဲ့ သဘောပဲ ဖြစ်ပါသည်။

အရပ်သားတွေကို ပိုမိုအရှိန်မြှင့် သတ်ဖြတ်တဲ့အခါ ပြည်ပအစိုးရများက အာဏာရှင်ကို အာဏာ ဆက်လက်ရရှိစေသော  “ငြိမ်းချမ်းရေး” အပေးအယူမျိုးကို သ‌ဘောတူကြလိမ့်မည်ဖြစ်ပြီး လွတ်လပ်မှုနှင့် ဒီမိုကရေစီအတွက် လိုအပ်ချက်ကို မသိကျိုးကျွံပြုကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် လက်ရှိ သို့မဟုတ် အစိုးရသစ် အဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက် ကိုမျှ တရားစွဲဆိုခံရခြင်းမရှိသည့် ကမ္ဘာ့တခြားနေရာများ၏ သင်ခန်းစာတွေကို မြန်မာစစ်အစိုးရ လေ့လာထားပြီးသား ဖြစ်ပါသည်။

(စစ်အစိုးရမှ ပြည်သူတွေအပေါ် ကျူးလွန်သော ၎င်းတို့စစ်ကို ရပ်တန့်ပြီး၊ တရားမဝင်ရယူထားသော အာဏာကို လက်လွှတ်ခြင်းကသာ စစ်မှန်သော ငြိမ်းချမ်းရေး ရရှိလာစေမည်)

ဒါကြောင့် စစ်တပ်၏ ထိုးစစ် အရှိန်မြှင့်လာတဲ့အခါ အစိုးရတော်တော်များများက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှစပြီး ကျင်းပမည့် အတုအယောင် ရွေးကောက်ပွဲကို “လုံလောက်ပြီ” သို့မဟုတ် “ဘာမှမရှိခြင်းထက်စာရင် ပိုကောင်းသည်” ဟု လက်ခံလာဖွယ်ရှိပါသည်။

ထိုသို့ ဖြစ်ခဲ့လျင် မြန်မာပြည်သူလူထု၏ လူ့အခွင့်အရေး၊ ဒီမိုကရေစီလွတ်လပ်ခွင့်များ – နှင့် မျှော်လင့်ချက် – တို့သည် အတုအယောင်ရွေးကောက်ပွဲကို လက်ခံသော “ငြိမ်းချမ်းရေး အပေးအယူ” တရပ်တွင် ရုတ်တရက် ဘေးဖယ်ခံထားရမည် ဖြစ်ပါသည်။

 

မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ ၃ – (ရရှိထားပြီးသား ထိုင်ခုံများအပြင်) စစ်ဗိုလ်ချုပ်များ ပါတီဝင်ခြင်း

မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ ၃ – (ရရှိထားပြီးသား ထိုင်ခုံများအပြင်) စစ်ဗိုလ်ချုပ်များ ပါတီဝင်ခြင်း

စစ်တပ်ပိုင် နိုင်ငံရေးပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) မှတဆင့် ရွေးကောက်ပွဲ အနိုင်ရမှုကို စစ်တပ်မှ မြိုင်မြိုင်ဆိုင်ဆိုင်အောင်ပွဲခံပါလိမ့်မယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်မည့် ရွေးကောက်ပွဲမှာ စစ်အစိုးရထဲက ဝန်ကြီး ၂၀ ဦး နှင့် ထိပ်ပိုင်းခေါင်းဆောင်များဟာ USDP မှတဆင့် ကိုယ်စားလှယ်လောင်းများအဖြစ် ပါဝင်ကြလိမ့်မည်။ သူတို့တွေသည် အနားယူပြီးသော စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်မှာ ထိပ်ပိုင်းရာထူးရယူထားသော လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဗိုလ်ချုပ် ၁၁ ဦးထက်မနည်း ပါဝင်ပါသည်။

ဒီစစ်ဗိုလ်ချုပ်များ USDP ကိုယ်စားလှယ်လောင်အဖြစ် အကြံအဖန်ရွေးကောက်ပွဲများမှာ ထွက်ပေါ်ယှဥ်ပြိုင်ကြတာဟာ ရလဒ်အတွက် အာမခံချက် ရှိပြီးသားမို့လို့ ဖြစ်ပါသည်။

မြန်မာစစ်တပ်မှ အာမခံချက်ပေးထားသော “ဒီမိုကရေစီ” ရွေးကောက်ပွဲ မူဝါဒအရ လွှတ်တော်အတွင်းရှိ ထိုင်ခုံများတွင် စစ်တပ်အတွက် ထိုင်ခုံများ ကြိုယူထားပြီးသားလည်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်တွင် ထိုင်ခုံနေရာ ၃၃၀ နေရာအနက်မှ ၁၁၀ နေရာ (၃၀%) ခန့်ကို ရွေးကောက်ပွဲ ဝင်စရာ မလိုပဲ စစ်တပ်အတွက် ကြိုပေးထားရသည်။ အမျိုးသားလွှတ်တော်တွင် ထိုင်ခုံနေရာ ၁၆၈ နေရာအနက် ၅၆ နေရာ (၃၃%) ခန့်ကိုလည်း စစ်တပ်အတွက် ကြိုပေးထားရပါသည်။

ထို့အပြင် စစ်ဗိုလ်ချုပ်များနှင့် အနားယူပြီးသော စစ်ဗိုလ်ချုပ်များလည်း အတုအယောက်ရွေးကောက်ပွဲမှာ USDP ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဥ်ပြိုင်ပြီး စစ်တပ်ထိပ်ပိုင်းတာဝန်ရှိသူတွေကို ကြိုယူထားပြီးသော နေရာများမှာ ခန့်ထားဦးမည် ဖြစ်သည်။

မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ – သွေးစွန်းသော စစ်ရေးမြှင့်တင်မှုက အတုအယောင်ရွေးကောက်ပွဲများကို “ဘာမှမရှိခြင်းထက်စာရင် ပိုကောင်းသည်” ဟု ဖန်တီးခြင်း

မြန်မာစစ်တပ်၏ အကြံအဖန်ရွေးကောက်ပွဲများ ၂ – “အတိုက်အခံ” ပါတီများကို ကြိုးကိုင်ခြင်း

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စတင်ကျင်းပမည့် ရွေးကောက်ပွဲဟာ အစစ်အမှန်ဖြစ်ကြောင်း ပြသနိုင်ဖို့ မြန်မာ စစ်တပ်ဟာ “အတိုက်အခံ” ပါတီဆိုတာမျိုးကို ပါဝင်စေပါသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ မြန်မာစစ်တပ်မှ ပြင်ဆင်လိုက်သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအရ တနိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဥ်ပြိုင်မည့် ပါတီများမှာ အဖွဲ့ဝင် အနည်းဆုံး ၁ သိန်းခန့် ရှိရမှာ ဖြစ်ပြီး မြို့နယ် ၃၃၀ မှာ ရုံးခန်းပေါင်း ၁၁၀ အနည်းဆုံးရှိရမယ်လို့ သတ်မှတ်ထားပါသည်။  ဒီမိုကရေစီကို အားပေးထောက်ခံတဲ့ နိုင်ငံရေးပါတီအားလုံး တရားမဝင်တာ၊ အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ကြေငြာခံထားရချိန်မှာ အတိုက်အခံပါတီ အစစ်အမှန်တခုခု ဆိုတာ ဘယ်လိုများ ဖြစ်နိုင်မလဲ?

စစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့မြို့နယ်တွေမှာ လွန်လပ်ခွင့်တွေ အလွန်အကျွံ ကန့်သတ်ထားချိန်၊ နိုင်ငံတဝှမ်းက ပြည်သူလူထုတွေအပေါ် စစ်တပ်၏ ဖိနှိပ်မှုခံနေရချိန်မှာ အဖွဲ့ဝင် တစ်သိန်းကို ပွင့်လင်းစွာ စည်းရုံးပြီး ပါတီရုံးခန်း ၁၀၀ နှင့်အထက် ဖွင့်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်နေတဲ့ နိုင်ငံရေးပါတီများသာလျင် ထိုသို့ လုပ်နိုင်မည်။

ရွေးကောက်ပွဲများမှာ နိုင်ငံရေးပါတီအမြောက်အမြား ပါဝင်ယှဥ်ပြိုင်တာကို ကြံဖန်ပြသဖို့အတွက် စစ်တပ်၏ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှ ဒေသအဆင့်ပါတီများကို မှတ်ပုံတင်ခွင့် ပြုထားပါသည်။  ထိုပါတီများဟာ ကိုယ့်ဒေသရွေးကောက်ပွဲများမှာသာ ဝင်ရောက်ယှဥ်ပြိုင်နိုင်မှာဖြစ်ပြီး တနိုင်ငံလုံးအတိုင်းအတာဖြင့် ယှဥ်ပြိုင်လို့ မရပါ။  ဒေသအဆင့် နိုင်ငံရေးပါတီများမှာ အဖွဲ့ဝင်အနည်းဆုံး ၁၀၀၀ ရှိရမှာ ဖြစ်ပြီး မြို့နယ် ၅ မြို့နယ်မှာ ရုံးခန်းများ ရှိရမည် ဖြစ်သည်။

 

ဒေသအဆင့် နိုင်ငံရေးပါတီ ၄၀ ခန့် မှတ်ပုံတင်ထားပေမယ့် တော်တော်များများမှာ ကိုယ်စားလှယ်လောင်းများ မရှိကြသလို သူတို့၏ ရုံးခန်းလိပ်စာသည်လည်း စာရွက်ပေါ်မှာသာ ရှိကြပါသည်။ တဖန် စစ်တပ်နှင့် ပူးပေါင်းလိမ်လည်သည့် နည်းဖြင့်သာလျင် မှတ်ပုံတင်နိုင်ခြင်း ဖြစ်သည်။ ဒီလို ရုပ်သေးနိုင်ငံရေးပါတီများ တိုင်းဒေသကြီးအဆင့်၊ ပြည်နယ်အဆင့်တွေမှာ ဝင်ရောက်ယှဥ်ပြိုင်ပေးခြင်းက ရွေးကောက်ပွဲများဟာ မှန်ကန်သယောင်ရှိစေပြီး မြန်မာစစ်တပ်ကို ယုံကြည်မှုရရှိစေပါသည်။

မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ ၁ –  တနိုင်ငံလုံး၏ ၃ ပုံ ၁ ပုံသာ ရွေးကောက်ပွဲ ကျင်းပခြင်း

မြန်မာစစ်တပ်၏ အကြံအဖန် ရွေးကောက်ပွဲများ ၁ – တနိုင်ငံလုံး၏ ၃ ပုံ ၁ ပုံသာ ရွေးကောက်ပွဲ ကျင်းပခြင်း

တနိုင်ငံလုံးရှိမြို့နယ် ၃၃၀ မြို့နယ်ထဲက ၁၀၂ မြို့နယ်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ ကျင်းပမည့် ရွေးကောက်ပွဲမှာ ပါဝင်မည်ဖြစ်ကြောင်း စစ်တပ်မှ ထိန်းချုပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေငြာခဲ့ပါသည်။ ဒါဟာ မဲဆန္ဒနယ်စုစုပေါင်း၏ ၃၁ % သာ ရှိပါသည်။

ကျန်တဲ့ ၆၉% က ဘာကြောင့် မပါဝင်ရပါသလဲ? အဲဒီမြို့နယ် အများစုဟာ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် တိုင်းရင်းသားလက်နက်ကိုင်းအဖွဲ့အစည်းများ (EROs) ၏ လွတ်မြောက်နယ်မြေများ ဖြစ်နေလို့ပါ။ ဒါ့အပြင် မြို့နယ် ဒါဇင်နဲ့ ချီကို စစ်တပ်မှ တိုက်ခိုက်လျက်ရှိပါသည်။ အာဏာ ရယူထားတဲ့ စစ်တပ်ဟာ ထိုမြို့တွေကို ပြန်လည် ထိန်းချုပ်နိုင်ရေး စာသင်ကျောင်းနှင့်လူနေအိမ်များပါမကျန် ဗုံးကျဲတိုက်ခိုက်လျက်ရှိပါသည်။

ဒါကြောင့်လည်း မဲပေးခြင်းအစီအစဥ် ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ ၂၀၂၅ ခုနှစ်မှာ စတင်မှာဖြစ်ပြီး ၂ လ သို့မဟုတ် ၃ လ ဆက်လုပ်မည့် သဘောဖြစ်ပါသည်။ ဒါဟာ တခြားမြို့တွေကို အဓမ္မထိန်းချုပ်နိုင်ရန် စစ်တပ်ကို အချိန်ပိုပေးမည့် အကြံအဖန်သာ ဖြစ်ပါသည်။

ဒီဇင်ဘာလ ၂၈ ရက်နေ့မတိုင်ခင် သို့မဟုတ် ရွေးကောက်ပွဲ ၃ လတာ ကာလအတွင်း စစ်တပ်၏ ရွေးကောက်ပွဲကော်မရှင် (UEC) မှ ရွေးကောက်ပွဲကျင်းပမည့် မြို့နယ်အရေအတွက် ၃၁% နှင့်အထက် ပိုခဲ့သော် ထိုမြို့နယ်တွေကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ စစ်တပ်မှ ပြည်သူတွေအပေါ် မတရားဖိနှိပ်ပြီးမှသာ ထိန်းချုပ်နိုင်မှာ ဖြစ်ပြီး အသက်ပေါင်းများစွာ ဆုံးရှုံးသွားစေမှာလည်း ဖြစ်သည်။

Poster: Secure jobs for young workers! International Youth Day 2025

Poster: Secure jobs for young workers! International Youth Day 2025

 

Bahasa Indonesia

বাংলা Bengali

English

日本語 Japanese

ဗမာဘာသာစကား Myanmar

ภาษาไทย Thai

اردو Urdu

हिन्दी Hindi

International Women’s Day 2025 Posters in 19 Languages

International Women’s Day 2025 Posters in 19 Languages

অসমীয়া Assamese

Bahasa Indonesia

বাংলা Bengali

繁體字 Chinese 

ދިވެހ Divehi

English

ગુજરાતી Gujarati 

हिन्दी Hindi

日本語 Japanese

ភាសាខ្មែរ Khmer

मराठी Marathi 

ဗမာဘာသာစကား Myanmar

नेपाली Nepali

سندھی Sindhi

සිංහල භාෂාව Sinhala

Tagalog

 

தமிழ் Tamil

ภาษาไทย Thai

اردو Urdu